NLD ပါတီ ပြောခွင့်ရ ဦးဝင်းထိန်နှင့် တွေ့ဆုံခြင်း
2015.12.02
NLD အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်က ဦးဆောင်မယ့် အစိုးရ ငါးနှစ်တာကာလ အတွင်း ပုဒ်မ ၄၃၆ နဲ့ ၅၉-စ တွေကို ပြင်ဆင်နိုင် ပြီး ဒေါ်အောင်ဆန်းစုကြည် ဟာ နိုင်ငံတော်သမ္မတအဖြစ် တာဝန်ထမ်းဆောင်နိုင်လာမယ်လို့ ယုံကြည်ကြောင်း NLD ဗဟိုအလုပ်မှုဆောင် ကော်မတီဝင် ဦးဝင်းထိန်က RFA ကို ပြောလိုက် ပါတယ်။ ဦးဝင်းထိန်ကို RFA သတင်းထောက် ကိုမျိုးဇော်ကိုက တွေ့ဆုံမေးမြန်းထားပါတယ်။