ရန်ကုန်မြို့က ဂျူးသမိုင်း
2019.09.03
လွန်ခဲ့တဲ့နှစ်ပေါင်း ၁၀၀ ကျော်က မြန်မာနိုင်ငံကို အီရတ်နိုင်ငံကနေ ပြောင်းရွှေ့အခြေချခဲ့တဲ့ ဂျူးလူမျိုး ၃၀၀၀ ဝန်းကျင်ရှိခဲ့ပါတယ်။ သူတို့တွေဟာ ၁၉၄၂ ဒုတိယကမ္ဘာစစ် ဂျပန်တပ်တွေ မြန်မာပြည်ဝင်လာချိန်နဲ့ ၁၉၆၂ တော်လှန်ရေး ကောင်စီတက်ပြီးအချိန်ကာလတွေမှာ နိုင်ငံရေးနဲ့ စီးပွားရေး ပြဿနာတွေကြောင့် မြန်မာနိုင်ငံကနေ သြစတြေးလျ၊ အင်္ဂလန်၊ အမေရိကန်နဲ့ အစ္စရေးနိုင်ငံတွေကို ရွှေ့ပြောင်းသွားခဲ့ကြပါတယ်။ ရန်ကုန်မြို့တွင်း ဂျူးလူမျိုးတွေနေထိုင်ခဲ့ရာနေရာတွေနဲ့ ဘာသာရေးအဆောက်အအုံတွေကတော့ သမိုင်းဝင်ကျန်ရှိနေပါတယ်။
RFA သတင်းထောက် မဝေမာထွန်း စုစည်းတင်ပြထားပါတယ်။
ရိုက်ကူး- အောင်သိင်္ခ/ ကျော်ထွန်းနိုင်