ငါးဘာသာဂုဏ်ထူးရှင် မောင်ကောင်းပြည့်


2016.06.17

ရန်ကုန်တိုင်း လှိုင်သာယာမြို့နယ်၊ ပန်းလှိုင်တံတားနံဘေးမှာ နေထိုင်တဲ့ မိသားစုကနေ ဆယ်တန်းစာမေးပွဲကို ငါးဘာသာဂုဏ်ထူးနဲ့ ထူးထူးချွန်ချွန်အောင်မြင်ခဲ့တဲ့ မောင်ကောင်းပြည့်ရဲ့ သတင်းကို ပြီးခဲ့တဲ့ရက်ပိုင်းက Facebook စာမျက်နှာတွေမှာ ချီးကျူးရေးသားခဲ့ကြပါတယ်။ မောင်ကောင်းပြည့်ရဲ့ မိဘတွေဟာ လှိုင်သာယာ မလိခလမ်းမှာ ထန်းရည်ရောင်းချပြီး အသက်မွေးဝမ်းကြောင်းနေသူတွေ ဖြစ်ပြီး အသိတယောက်ရဲ့ လယ်ထဲမှာ တဲထိုးနေကြတာပါ။

မောင်ကောင်းပြည့်နဲ့ သူ့မိဘတွေအကြောင်း RFA သတင်းထောက် ကိုကျော်ဇောဝင်းနဲ့ ကိုကျော်လွင်ဦးက ရိုက်ကူးတင်ပြထားပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။