ANP ပါတီရဲ့ ပြည်နယ်အစိုးရအဖွဲ့ဝင် ဝန်ကြီး
2016.04.07
ရခိုင်ပြည်နယ် အစိုးရအဖွဲ့ဝင်တွေ ဒီကနေ့ ကတိသစ္စာပြုခဲ့ကြရာမှာ NLD အစိုးရနဲ့ မပူးပေါင်းနိုင်ကြောင်း ကြေညာချက်ထုတ်ပြန်ထားတဲ့ ANP ရခိုင်အမျိုးသားပါတီက လွှတ်တော်ကိုယ်စားလှယ်တစ်ဦးဖြစ်တဲ့ ဦးကျော်လွင် က ပြည်နယ်ဝန်ကြီးအဖြစ် တာဝန်ယူလိုက်ပါတယ်။ ဆင်းရဲတွင်းနက်နေတဲ့ ရခိုင်ပြည်နယ် ဖွံ့ဖြိုးတိုးတက်လာအောင် NLD နဲ့အတူ ကြိုးပမ်းချင်တဲ့အတွက် ဝန်ကြီးတာဝန်လက်ခံလိုက်တာလို့ ဦးကျော်လွင်က ပြောပါတယ်။ RFA သတင်းထောက် ကိုမင်းသိန်းအောင်က တင်ပြထားပါတယ်။