လပွတ္တာမီးဘေး
2016.02.08
ဧရာဝတီတိုင်း လပွတ္တာမြို့နယ်မှာ ဖေဖော်ဝါရီလ ၄ ရက်နေ့ညက မီးလောင်မှုကြောင့် နေအိမ်အလုံး ၂ ရာနီးပါး မီးလောင်ပျက်စီးခဲ့ပြီး မြို့ရဲ့ အဓိက စီးပွားရေး လုပ်ငန်းဖြစ်တဲ့ ရေလုပ်ငန်းလုပ်ကိုင်သူတွေရဲ့ နေအိမ်အတော်များများလည်း မီးထဲပါသွားခဲ့ပါတယ်။ RFA သတင်းထောက် ကိုကျော်ထွန်းနိုင်က တင်ပြထား ပါတယ်။