ဒေါက်တာစိုင်းမောက်ခမ်းနှင့် ကြိုတင်မဲပြဿနာ
2015.11.13
ရှမ်းပြည်မြောက်ပိုင်း လားရှိုးမြို့မှာ ကြိုတင်မဲနဲ့ပတ်သက်ပြီး အငြင်းပွားစရာ ဖြစ်ခဲ့တဲ့အတွက် ပြည်နယ်ရွေးကောက်ပွဲကော်မရှင်က နိုဝင်ဘာလ ၁၂ ရက်နေ့ ဒီကနေ့ လားရှိုးမြို့မှာ သတင်းစာရှင်းလင်းပွဲ ပြုလုပ်ခဲ့ပါတယ်။ သတင်းစာရှင်းလင်းပွဲ တက်ရောက်လာတဲ့ နိုင်ငံရေးပါတီက ကိုယ်စားလှယ်တွေ ဒေသခံတွေက ကော်မရှင် ကို ကြိုတင်မဲနဲ့ ပတ်သက်ပြီး မေးမြန်းခဲ့ကြပါတယ်။ RFA သတင်းထောက် ကိုဘုန်းမြတ်က ကောက်နှုတ်တင်ပြထားပါတယ်။