ရှေ့နေတွေရဲ့ အဝါရောင်ဖဲကြိုးလှုပ်ရှားမှု
2015.09.10
တပ်မတော်က အငြိမ်းစားယူထားသူ အရာရှိ ၂၀ လောက်ကို ပြည်ထောင်စုတရားလွှတ်တော် ရုံးချုပ်မှာ လွှဲပြောင်း ခန့်အပ်လိုက်တယ်လို့ သိရပါတယ်။ ဒီလို စစ်တပ်ကအရာရှိတွေ တရားစီရင်ရေးမှာ ဝင်ရောက်လာတဲ့အပေါ် နေပြည်တော်ကောင်စီနယ်မြေ၊ ပျဉ်းမနားမြို့က ရှေ့နေတချို့က အဝါရောင်ဖဲပြား လှုပ်ရှားမှုအဖြစ် စက်တင်ဘာလ ၉ ရက်နေ့က ဆန့်ကျင်ကန့်ကွက် ဆန္ဒပြနေကြပါတယ်။ RFA သတင်းထောက် ကိုဝင်းကိုကိုလတ် တင်ပြထားပါတယ်။