မန္တလေးတိုင်းက တောရိုင်းဆင်အန္တရာယ်


2015.08.27

အခုရက်ပိုင်းအတွင်း မန္တလေးတိုင်း မိတ္ထိလာမြို့နယ်ဘက်ကနေ ထွက်လာပြီး ကျောက်ပန်းတောင်းနဲ့ ညောင်ဦးမြို့နယ်တွေထဲကို ရောက်ရှိလာတဲ့ တောရိုင်းဆင် ၆ ကောင်ကို ဖမ်းဆီးဖို့ အစိုးရသစ်တောဌာနက ကြိုးပမ်းနေပါတယ်။ ဆင်ရိုင်းတွေ ဖြတ်လာတဲ့ လမ်းတလျှောက်မှာ အနီးကပ် သွားကြည့်ခဲ့ကြတဲ့ ဒေသခံတဦး သေဆုံးပြီး ၃ ဦး ဒဏ်ရာရရှိထားတယ်လို့ သိရပါတယ်။ RFA သတင်းထောက် ကိုဆက်ပိုင်တိုးက တင်ပြထားပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။