မြေယာလျော်ကြေးနဲ့ ဒေသခံတောင်သူများ
2016.06.14
မကွေးတိုင်း မင်းဘူးမြို့နယ်၊ မန်းရေနံမြေမှာ သိမ်းဆည်းထားတဲ့ မြေတွေအတွက် လျော်ကြေးပေးရာမှာ မြေစာရင်းဌာနရဲ့ တိုင်းတာချက်တွေ မမှန်ကန်တဲ့ အတွက် တောင်သူတွေ နစ်နာနေတာနဲ့ ပတ်သက်ပြီး ဇွန်လ ၁၁ ရက်နေ့က သတင်းစာရှင်းလင်းပွဲ ပြုလုပ်ခဲ့ပါတယ်။ အပြည့်အစုံကို မကွေးအခြေစိုက် RFA သတင်းထောက် ကိုဇော်တူးက ပေးပို့ထားပါတယ်။