မြစ်ကမ်းပါးတွေပြိုကျမှု သဘာဝဘေးအန္တရာယ်


2018.09.22

 

ဧရာဝတီမြစ်ကြောင်းတလျှောက် ကမ်းပါးတွေပြိုကျမှု တစ်နှစ်ထက်တစ်နှစ် ပိုများလာတဲ့အတွက် လူမှုဝန်ထမ်း ကယ်ဆယ်ရေးနဲ့ ပြန်လည်နေရာချထားရေး ဝန်ကြီးဌာနက သဘာဝဘေးအန္တရာယ် အမျိုးအစားတွေ ခွဲခြားသတ်မှတ်တဲ့အထဲမှာ မြစ်ကမ်းပါးပြိုကျမှုကို ခေါင်းစဉ်တစ်ခုအနေနဲ့ ပြီးခဲ့တဲ့ ဘဏ္ဍာရေးနှစ်က စပြီး သီးခြားစာရင်း ပြုစုခဲ့ပါတယ်။

မြစ်ကမ်းပါးပြိုကျမှု အများဆုံးဖြစ်ပွားနေတဲ့ မကွေးတိုင်းအတွင်းမှာ နေထိုင်နေကြတဲ့ ကျေးရွာတချို့က ဒေသခံတွေရဲ့ ဘဝအခက်အခဲတွေအကြောင်း RFA သတင်းထောက် မဝေမာထွန်းက ရိုက်ကူး တင်ဆက်ထားပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။