မန္တလေးတိုင်း တောင်သူတွေရဲ့သပိတ်စခန်း
2017.07.06
မန္တလေးတိုင်း မြို့နယ် ၁၂ ခုမှာ မြေသိမ်းခံတောင်သူတွေ တရားစွဲခံနေရတာကို ပြန်ရုပ်သိမ်းပေးဖို့နဲ့၊ တိုင်းအစိုးရအနေနဲ့ မြေယာပြဿနာတွေကို ပြေလည်အောင်ဖြေရှင်းပေးဖို့ ဒီကနေ့ မန္တလေးမြို့မှာ တောင်သူတစ်ရာကျော် စုဝေးပြီး သပိတ်စခန်း ဖွင့်လှစ်လိုက်ပါတယ်။ RFA သတင်းထောက် ကိုကျော်ဇောဝင်းက တင်ပြထားပါတယ်။