မန္တလေး မြေသိမ်းခံလယ်သမားတွေအရေး
2017.07.18
မန္တလေးမြို့မှာ သပိတ်စခန်းဖွင့် ဆန္ဒပြနေကြတဲ့ မြေသိမ်းခံလယ်သမား ကိုယ်စားလှယ်တွေကို မန္တလေးတိုင်း လယ်ယာမြေနဲ့ အခြားမြေများ သိမ်းဆည်း ခံရမှု ပြန်လည်စိစစ်ရေးကော်မတီမှာ ထည့်သွင်း ဖွဲ့စည်းပေးဖို့ တိုင်းအစိုးရအဖွဲ့နဲ့ လယ်သမားကိုယ်စားလှယ်တွေ ဇူလိုင်လ ၁၇ ရက်နေ့က ဒုတိယ အကြိမ် တွေ့ဆုံဆွေးနွေးပွဲမှာ သဘောတူညီမှု ရခဲ့ပါတယ်။ RFA သတင်းထောက် မသီရိမင်းဇင်က တင်ပြထားပါတယ်။