မန်းတက္ကသိုလ်ဈေးဆိုင်ကိစ္စ ပညာရေးဒုဝန်ကြီး စစ်ဆေးမည်
2019.09.06
မန္တလေးတက္ကသိုလ်ထဲက ဈေးဆိုင်တွေကို လုပ်ထုံးလုပ်နည်းနဲ့မညီဘဲ ခွင့်ပြုခဲ့တဲ့ ကျောင်းအုပ်ချုပ်ရေးအဖွဲ့ကို စစ်ဆေးအရေးယူဖို့ သပိတ်မှောက်တောင်းဆိုနေချိန်မှာ ပညာရေးဒုဝန်ကြီး ဦးဆောင်တဲ့ စုံစမ်းစစ်ဆေးရေးအဖွဲ့ကို ပညာရေးဝန်ကြီးဌာနက ဒီနေ့ဖွဲ့စည်းလိုက်ပါတယ်။
အဲဒီအဖွဲ့ရဲ့ စစ်ဆေးတွေ့ရှိချက်တွေကို စောင့်ကြည့်သွားမယ်လို့ သပိတ်မှောက် ကျောင်းသားခေါင်းဆောင်တွေက ပြောပါတယ်။
RFA သတင်းထောက် မခေမဏီဝင်းက တင်ပြထားပါတယ်။