ရန်ကုန်မြို့က အာဇာနည်နေ့
2017.07.20
ရန်ကုန်မြို့က အာဇာနည်ဗိမာန်မှာ ဒီနေ့ကျင်းပတဲ့ နှစ် ၇ဝ ပြည့် အာဇာနည်နေ့အခမ်းအနားကို နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် အပါအဝင် အာဇာနည်ခေါင်းဆောင် မိသားစုဝင်တွေနဲ့ နိုင်ငံတော် အကြီးအကဲတွေ၊ လွှတ်တော်ကိုယ်စားလှယ်တွေ တက်ရောက်ခဲ့ကြပါတယ်။ ဒါ့အပြင် သိမ်ဖြူလမ်း က ဝန်ကြီးများရုံးမှာ အာဇာနည် ၉ ဦး လုပ်ကြံခံခဲ့ရတဲ့နေရာနဲ့ သမိုင်းဝင်နေရာ တချို့ကိုလည်း အများပြည်သူ လေ့လာကြည့်ရှုနိုင်အောင် ဖွင့်လှစ်လိုက်ပါတယ်။ RFA သတင်းထောက် မဝေယံမိုးမြင့်နဲ့ မသီရိမင်းဇင်တို့က သတင်းပေးပို့ထားပါတယ်။