မောင်တောဒေသနဲ့ ပြည်ထောင်စု စီမံကိန်း


2017.10.18

အကြမ်းဖက်မှုတွေ ဖြစ်ပွားခဲ့တဲ့ ရခိုင်ပြည်နယ်အတွင်း လူသားချင်းစာနာမှု၊ အကူအညီထောက်ပံ့ပေးရေး၊ ပြန်လည်နေရာချထားပေးရေးနဲ့ ဖွံ့ဖြိုးရေးကဏ္ဍတွေအတွက် ပြည်ထောင်စုစီမံကိန်း ရှေ့ပြေးစီမံချက်ကို အစိုးရက ၂ဝ၁၇ အောက်တိုဘာလ ၁၆ ရက်နေ့မှာ စတင် အကောင်အထည်ဖော်လိုက်ပါတယ်။ ဒီစီမံချက်နဲ့ပတ်သက်ပြီး ကယ်ဆယ်ရေးနဲ့ ပြန်လည်နေရာချထားရေးဝန်ကြီး ဒေါက်တာဝင်းမြတ်အေးဦးဆောင်တဲ့ အစိုးရတာဝန်ရှိသူတွေဟာ မောင်တောဒေသကို သွားရောက်ခဲ့ပါတယ်။

RFA သတင်းထောက် ကိုမင်းသိန်းအောင်က တင်ပြထားပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။