မော်လမြိုင်မြို့က သုံးဘီးတက္ကစီများ
2013.10.19
ဂျပန်နိုင်ငံက မြန်မာပြည်ကို စစ်လျော်ကြေးအဖြစ်ပေးခဲ့တဲ့ သုံးဘီးကားတွေဟာ အနှစ် ၅ဝ ကျော် သက်တမ်းကြာမြင့်ခဲ့ပြီဖြစ်ပြီး၊ ဒီသုံးဘီးကားတွေကို မော်လမြိုင်မြို့မှာ အသုံးပြုနေကြဆဲ ဖြစ်ပါတယ်။ မော်လမြိုင်မြို့က သုံးဘီးကားသမားတွေ အနေနဲ့ အစိုးရကလုပ်ဆောင်ပေးနေတဲ့ ယာဉ်အိုယာဉ်ဟောင်း အပ်နှံရေးစီမံချက်မှာ သူတို့ကိုလည်း ထည့်သွင်းစဉ်းစားပေးဖို့ လိုလားနေကြပါတယ်။ RFA သတင်းထောက် ကိုနေမျိုးထွန်းက တင်ပြထားပါတယ်။