တပ်မတော်က ငှားရမ်းလိုက်တဲ့ မြေဧက ၈ဝ ကျော်ပြန်ရဖို့ တောင်သူတွေ ဆန္ဒပြ
2019.04.07
■ မန္တလေး ဘီယာစက်ရုံ တိုးချဲ့ဆောက်လုပ်ဖို့အတွက် တပ်မတော်က ငှားရမ်းလိုက်တဲ့အထဲမှာ ပါဝင်တဲ့ မြေဧက ၈ဝ ကျော်ကို ပြန်လည်စွန့်လွှတ်ပေးဖို့ မန္တလေးတိုင်း ပုသိမ်ကြီးမြို့နယ် စည်သာယာရွာက တောင်သူ တစ်ရာလောက် ဒီနေ့ လမ်းလျှောက်ချီတက် ဆန္ဒပြခဲ့ပါတယ်။
RFA သတင်းထောက် မခေမဏီဝင်း ရိုက်ကူးတင်ပြထားပါတယ်။