ရန်ကုန်တိုင်းဝန်ကြီးချုပ်နဲ့ လာဘ်ငွေကိစ္စ


2017.06.02

ရန်ကုန်တိုင်းဝန်ကြီးချုပ် ဦးဖြိုးမင်းသိန်းရဲ့ ကိုယ်ရေးအရာရှိဦးတင်ထွန်းကို မြေဂရန်ပြန်ရဖို့အတွက် လာဘ်ငွေ ပေးခဲ့ရတယ်ဆိုပြီး ဦးမိုက်ကယ်ကျော်မြင့်ဆိုသူက ဒီကနေ့ သတင်းစာရှင်းလင်းပွဲ ပြုလုပ်ခဲ့ပါတယ်။ သတင်းစာရှင်းလင်းပွဲကို မူလက ဗဟန်းမြို့နယ်က တော်ဝင်နှင်းဆီ စားသောက်ဆိုင်မှာလုပ်ဖို့ စရံငွေ သွင်းပြီးသား ဖြစ်ပေမယ့် ဆိုင်ကခွင့်မပြုတဲ့အတွက် တာမွေမြို့နယ်၊ ကျိုက္ကဆံကွင်းအနီးက ဟစ်တိုင်ကွင်းနားမှာ ပြုလုပ်ခဲ့ပါတယ်။ RFA သတင်းထောက် ကိုသန့်ဇင်ဦးက တင်ပြထားပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။