မွန်ပြည်နယ်လွှတ်တော်နဲ့ ပြည်နယ်အစိုးရ
2017.09.13
အစိုးရကို ထိခိုက်စေတဲ့ မေးခွန်းတွေ မမေးကြဖို့ မွန်ပြည်နယ် ဝန်ကြီးချုပ် ဒေါက်တာအေးဇံက စက်တင်ဘာလ ၁၂ရက်နေ့ ပြည်နယ်လွှတ်တော်အစည်းအဝေးမှာ ပြောကြားခဲ့ပါတယ်။ ကိုယ်စားလှယ်တွေဟာ လွှတ်တော်မှာ မေးခွန်းမေးမြန်းခွင့်ရဖို့အတွက် ၁၀ ရက် ကြိုတင်ပေးပို့ထားရတာဖြစ်သလို ဥပဒေအရ လွတ်လပ်စွာ မေးမြန်းခွင့်ရှိတယ်လို့ လွှတ်တော်ကိုယ်စားလှယ်တွေက ဝေဖန်ပြောဆိုကြပါတယ်။
RFA သတင်းထောက် ကိုကျော်လွင်ဦး ပေးပို့ပြီး ကိုကျော်သူက တင်ပြထားပါတယ်။