မိုင်းယုလေးကျေးရွာ ဒုက္ခသည်စခန်း
2017.02.09
ရှမ်းပြည်မြောက်ပိုင်း၊ ကွတ်ခိုင်မြို့နယ် မိုင်းယုလေးကျေးရွာက ဒုက္ခသည်စခန်းမှာ ဒုက္ခသည်ဦးရေ ၈ ရာဝန်းကျင် ရှိနေပြီး၊ စားနပ်ရိက္ခာ အကူအညီတွေ လိုအပ်နေပါတယ်။ ဒါ့ပြင် ဒုက္ခသည်တွေ နေရတဲ့ မိုးကာတဲ တွေလည်း ပျက်စီးနေတဲ့အတွက် နေရေးထိုင်ရေးပါ အခက်အခဲ ဖြစ်နေပါတယ်။ မိုင်းယုလေး ဒုက္ခသည်စခန်း အခြေအနေနဲ့ ပတ်သက်ပြီး RFA သတင်းထောက် ကိုကံသာက သတင်းပေးပို့ထားပါတယ်။