ရွှေညဝါဆရာတော် သတင်းစာရှင်းလင်းပွဲ
2015.04.02
ရွှေညဝါဆရာတော် ဦးပညာသီဟကို… ဗုဒ္ဓဘာသာ တရားတော်နဲ့ မသက်ဆိုင်တဲ့ အကြောင်းအရာ တွေကို ဟောကြားတဲ့အတွက် တရားဟောခွင့်ပိတ်ပင်လိုက်တယ်… ဆိုပြီး နိုင်ငံတော် သံဃမဟာ နာယက အဖွဲ့က မတ်လ ၂၅ ရက်နေ့စွဲနဲ့ အမိန့်စာ ထုတ်ပြန်လိုက်ပါတယ်။ ဒီကိစ္စနဲ့ ပတ်သက်ပြီး ရွှေညဝါဆရာတော်က ဒီနေ့ဧပြီလ(၁)ရက်နေ့ ညနေမှာ သတင်းစာရှင်းလင်းပွဲ ပြုလုပ်ခဲ့ပါတယ်။ ကိုကျော်ထွန်းနိုင်က တင်ပြထား ပါတယ်။