ပွင့်လင်းမြင်သာသည့် လွှတ်တော်မဲပေးစနစ်
2015.06.18
၂ဝဝ၈ ဖွဲ့စည်းပုံအခြေခံဥပဒေပြင်ဆင်တဲ့ ဥပဒေကြမ်းကို ပြည်ထောင်စုလွှတ်တော်မှာ မဲခွဲဆုံးဖြတ်တဲ့ အခါ စက်ခလုတ်နှိပ်မဲပေးမယ်ဆိုရင် သံသယရှိဖွယ်အခြေ အနေတွေ ဖြစ် လာနိုင်တာကြောင့် ပွင့်လင်းမြင်သာမှု ရှိအောင်ဆောင်ရွက်ပေး ဖို့ ပြည်ထောင်စုလွှတ်တော် ဥပဒေကြမ်း ပူးပေါင်းကော်မတီက မနေ့က အကြံပြုတင်ပြ ထားပါတယ်။ ဒီအကြံပြုချက်အပေါ် လွှတ်တော် ကိုယ်စားလှယ်တွေရဲ့ သဘောထားနဲ့ပတ်သက်ပြီး RFA သတင်းထောက် ကိုမျိုးသန့်ခိုင် တွေ့ဆုံမေးမြန်းခဲ့တာကို ကိုကျော်ထွန်းနိုင်က တင်ပြထား ပါတယ်။