ကြေးမုံနဲ့ မြန်မာ့အလင်းက ရန်ကုန်ဝန်ထမ်းတွေ အာဏာဖီဆန်ရေးမှာ ပါဝင်လာ
စစ်တပ်အာဏာသိမ်းမှုကို ကန့်ကွက်တဲ့အနေနဲ့ ပြန်ကြားရေးဝန်ကြီးဌာန လက်အောက်မှာ တာဝန်ထမ်းဆောင် နေတဲ့ ကြေးမုံနဲ့ မြန်မာ့အလင်း သတင်းစာတိုက်က ဝန်ထမ်း ၃၀ ကျော် အာဏာရှင်ဖီဆန်ရေးလှုပ်ရှားမှု CDM မှာ ပါဝင်ခဲ့ပါတယ်။
ဖေဖော်ဝါရီလ ၈ ရက်နေ့ကတည်းက နေပြည်တော်၊ ရန်ကုန်နဲ့ မန္တလေးတို့က ဝန်ထမ်းတွေက အာဏာရှင် ဖီဆန်ရေး လှုပ်ရှားမှုကို စတင်ခဲ့တာဖြစ်ပြီး ရန်ကုန်က ဝန်ထမ်းတွေကတော့ ဒီနေ့ လမ်းပေါ် စထွက်ခဲ့တာပါ။
ပြည်သူ့ဝန်ထမ်းဖြစ်တဲ့အတွက် ပြည်သူ့ဆန္ဒကို အလေးထားတာကြောင့် ဒီလှုပ်ရှားမှုမှာ ပါဝင်လာတာလို့ ဝန်ထမ်းတွေက ပြောပါတယ်။
အချိန်ပိုင်းနဲ့ နေစားဝန်ထမ်းတွေ သုံးရက်အတွင်း ရုံးမတက်ရင် အလုပ်ထုတ်မယ်လို့ ဖိအားပေးတာတွေလည်း ရှိတယ်လို့ လည်းဝန်ထမ်းတွေက ပြောကြပါတယ်။
စစ်အာဏာသိမ်းမှု ၁၁ ရက်မြောက်နေ့လည်းဖြစ်၊ ပြည်သူတွေ လမ်းပေါ်ထွက် ဆန္ဒပြကြတာ ၆ ရက်မြောက် နေ့လည်း ဖြစ်တဲ့ ဖေဖော်ဝါရီလ ၁၁ ရက်နေ့ ဒီနေ့မှာ ရန်ကုန်မြို့မှာ ရှေ့နေ တစ်ထောင်နီးပါး လှည့်လည် ဆန္ဒပြခဲ့ကြပါတယ်။