ရခိုင်ပြည်နယ်အတွင်း စစ်ရာဇဝတ်မှုကျူးလွန်မှုတွေရှိနိုင်
2019.07.05
ရခိုင်ပြည်နယ်အတွင်း မြန်မာ့တပ်မတော်နဲ့ AA တပ်ဖွဲ့တွေရဲ့လုပ်ရပ်တွေက နိုင်ငံတကာ လူသားချင်းစာနာမှုဆိုင်ရာ ဥပဒေကို ချိုးဖောက်ရာရောက်ပြီး စစ်ရာဇဝတ်မှုတွေကို ကျူးလွန်ရာလည်း ရောက်နိုင်တယ်လို့ ကုလသမဂ္ဂရဲ့ မြန်မာနိုင်ငံဆိုင်ရာ လူ့အခွင့်အရေး အထူးကိုယ်စားလှယ် မစ္စယန်ဟီးလီ က ပြောလိုက်ပါတယ်။
မြန်မာနိုင်ငံမှာ စစ်အုပ်ချုပ်ရေးကာလကတည်းက လူ့အခွင့်အရေးချိုးဖောက်မှုတွေကို ကုလသမဂ္ဂနဲ့ နိုင်ငံတကာက အပြစ်တင်ဝေဖန်နေခဲ့တာ အခု အရပ်သား အစိုးရလက်ထက်အထိပါပဲ။ လူ့အခွင့်အရေးဆိုင်ရာ အကြပ်ဆိုက်နေတဲ့ မြန်မာနိုင်ငံရဲ့ အခြေအနေတွေနဲ့ပတ်သက်ပြီး RFA ဝိုင်းတော်သူ မနန္ဒာချမ်းက တင်ပြထားပါတယ်။