မြန်မာ-ဘင်္ဂလားဒေ့ရှ် နယ်ခြား အစည်းအဝေး
2017.11.15
မြန်မာ-ဘင်္ဂလားဒေ့ရှ်နှစ်နိုင်ငံ နယ်ခြားစောင့်တပ်ဖွဲ့တွေအကြား လုံခြုံရေးနဲ့ တရားဥပဒေစိုးမိုးရေး ဗဟိုအဆင့်အစည်းအဝေးကို ၂ဝ၁၇ နိုဝင်ဘာလ ၁၄ ရက်နေ့က နေပြည်တော် သင်္ဂဟဟိုတယ်မှာ စတုတ္ထအကြိမ်မြောက် ကျင်းပခဲ့ပါတယ်။ မကြာခင်မှာ မြန်မာနိုင်ငံကို လာရောက်မယ့် ဘင်္ဂလားဒေ့ရှ် နိုင်ငံခြားရေးဝန်ကြီး ခရီးစဉ်အတွင်း မြန်မာနိုင်ငံကနေ ဘင်္ဂလားဒေ့ရှ်နိုင်ငံကို ထွက်ပြေးသွားသူတွေ ပြန်လည်လက်ခံဖို့ နှစ်နိုင်ငံနားလည်မှုစာချွန်လွှာ လက်မှတ်ရေးထိုးမယ်လို့ မြန်မာနိုင်ငံရဲတပ်ဖွဲ့ နိုင်ငံဖြတ်ကျော်မှုခင်းဌာန၊ ဌာနကြီးမှူး ရဲမှူးချုပ် အောင်ဌေးမြင့် က ပြောပါတယ်။
RFA သတင်းထောက် ကိုဝင်းကိုကိုလတ် တင်ပြထားပါတယ်။