ဝါရှင်တန် မြန်မာသံရုံးအလည်အပတ်ခရီး
2019.05.09
အမေရိကန်ပြည်ထောင်စု ဝါရှင်တန်ဒီစီမြို့တော်မှာ အခြေစိုက်တဲ့ နိုင်ငံပေါင်းစုံက သံရုံးတွေဟာ မေလရောက်တိုင်း PassportDC လို့ခေါ်တဲ့ အစီအစဉ်ကို ကျင်းပလေ့ရှိပါတယ်။ ဒီအစီအစဉ်ဟာ နိုင်ငံပေါင်းစုံ သံရုံးအသီးသီးက သံရုံးတံခါးတွေကို အများပြည်သူကို ဖွင့်ပေးပြီး၊ စိတ်ဝင်စားလို့ လေ့လာချင်သူတွေကို သံရုံးအတွင်း ဝင်ရောက်ကြည့်ရှုခွင့်ပေးတဲ့ အစီအစဉ်ဖြစ်ပါတယ်။
သံရုံးထဲကို ဝင်ရောက်လည်ပတ်ရင်း သက်ဆိုင်ရာနိုင်ငံတွေရဲ့ ယဉ်ကျေးမှု၊ ဓလေ့ထုံးတမ်း အစဉ်အလာတွေ၊ အဆိုအက၊ အဝတ်အစားနဲ့ အစားအသောက် စတာတွေကိုပါ လေ့လာကြည့်ရှုနိုင်တဲ့ ယဉ်ကျေးမှုဖလှယ်ရေး အစီအစဉ် ဖြစ်ပါတယ်။ အခုနှစ်မှာ မြန်မာသံရုံးကလည်း ပထမဆုံးအကြိမ်အနေနဲ့ ဒီအစီအစဉ်မှာ ပါဝင်လာပါတယ်။
မြန်မာသံရုံးရဲ့ ပထမဆုံး PassportDC အစီအစဉ်မှာ ဘယ်လို စိတ်ဝင်စားစရာ အကြောင်းအရာတွေ ခင်းကျင်းပြသထားသလဲ ဆိုတာ ကိုယ်တိုင်သွားရောက် ရိုက်ကူးထားတဲ့ RFA ဝိုင်းတော်သား ကိုရဲခေါင်မြင့်မောင်နဲ့အတူ လေ့လာကြည့်ရအောင်ပါ။