Myanmar Now ကိုဆွေဝင်းနဲ့ ပုဒ်မ ၆၆-ဃ


2017.03.10

Myanmar Now သတင်းဌာန သတင်းထောက်ချုပ် ကိုဆွေဝင်းကို မဘသ ဆရာတော် ဦးဝီရသူရဲ့ တပည့်ဒကာဖြစ်သူ ဦးကျော်မျိုးရွှေက ဆက်သွယ်ရေးဥပဒေ ပုဒ်မ ၆၆-ဃ နဲ့ မန္တလေးမြို့ မဟာအောင်မြေ အမှတ်-၇ နယ်မြေရဲစခန်းမှာ မတ်လ ၇ ရက်နေ့က အမှုဖွင့်လိုက်ပါတယ်။ ဒီနေ့မှာတော့ သူ့ရဲ့မိခင်ဆန္ဒအရ အမှုကိုရုပ်သိမ်းဖို့ စီစဉ်ထားပြီး နောက်ထပ်တဦးက ကိုဆွေဝင်းကို ဆက်သွယ်ရေး ဥပဒေ ပုဒ်မ ၆၆ ဃ အပြင် သာသနာညှိုးနွမ်းစေမှုပုဒ်မ ၂၉၅ နဲ့ပါ တရားစွဲသွားမယ်လို့ အမှုဖွင့်ခဲ့တဲ့ ဦးကျော်မျိုးရွှေက ပြောပါတယ်။ RFA သတင်းထောက် ကိုသီဟထွန်းက စုစည်းတင်ပြထားပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။