Global Witness သတင်းစာရှင်းလင်းပွဲ
2015.10.23
ကချင်ပြည်နယ်မှာ ကျောက်စိမ်းတူးဖော်ရေး လုပ်ငန်းတွေက ရရှိတဲ့ တန်ဖိုးငွေဟာ ပြီးခဲ့တဲ့ ၂၀၁၄ ခုနှစ်အတွင်း အမေရိကန်ဒေါ်လာ ၃၁ ဘီလီယံအထိ ရှိနိုင်ပြီး၊ ဒီလုပ်ငန်းတွေကို နောက်ကွယ်ကနေ ချုပ်ကိုင်ထားသူတွေထဲမှာ ဗိုလ်ချုပ်မှူးကြီးဟောင်း ဦးသန်းရွှေ နဲ့ မိသားစုပိုင်ကုမ္ပဏီ၊ လက်ရှိ ဝန်ကြီး ဦးအုန်းမြင့်ပိုင် ကုမ္ပဏီနဲ့ မြန်မာ့စီးပွားရေး ဦးပိုင်ကုမ္ပဏီတို့က လွှမ်းမိုးချုပ်ကိုင်ထားတယ်လို့ အင်္ဂလန်နိုင်ငံအခြေစိုက် Global Witness အဖွဲ့က အစီရင်ခံစာ ထုတ်ပြန်လိုက်ပါတယ်။ Global Witness အဖွဲ့ရဲ့ အစီရင်ခံစာမှာ ပါတဲ့ အချက်တချို့ကို RFA သတင်းထောက် ကိုသီဟထွန်းက ကောက်နှုတ် တင်ပြထားပါတယ်။