အစိုးရဘတ်ဂျက်ကာလ အပြောင်းအလဲ


2017.11.16

အစိုးရဘတ်ဂျက်ကာလ အပြောင်းအလဲ အစိုးရရဲ့ ဘတ်ဂျက်ကာလ ကို လာမယ့် ၂ဝ၁၈- ၂ဝ၁၉ ဘဏ္ဍာရေးနှစ်ကစပြီး အောက်တိုဘာလ ၁ ရက်နေ့ ကနေ စက်တင်ဘာလ ၃ဝ ရက်နေ့အထိ စတင်ပြောင်းလဲ ကျင့်သုံးတော့မှာ ဖြစ်ပါတယ်။ အဲဒီအတွက် ဘတ်ဂျက်ကာလ အကူးအပြောင်းမှာ ကျန်နေတဲ့ ကြားကာလကို ခြောက်လစာ ဘတ်ဂျက်ရေးဆွဲပြီး ဆောင်ရွက်သွားမယ်လို့ စီမံကိန်းနဲ့ ဘဏ္ဍာရေးဝန်ကြီးဌာန ဒုတိယဝန်ကြီးဦးမောင်မောင်ဝင်းက ပြောပါတယ်။ RFA သတင်းထောက် ကိုဝင်းကိုကိုလတ်က တင်ပြထားပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။