သမ္မတတာဝန်လွှဲပြောင်းပေးအပ်ပွဲ
2016.03.30
ဒီကနေ့ ပြည်ထောင်စုလွှတ်တော်မှာ နိုင်ငံတော်သမ္မတနဲ့ ဒုတိယသမ္မတတွေ ကတိသစ္စာပြုခဲ့ကြသလို ဝန်ကြီး ၁၈ ဦးနဲ့ ရွေးကောက်ပွဲကော်မရှင်အဖွဲ့ဝင်တွေ၊ အခြေခံဥပဒေခုံရုံးအဖွဲ့ဝင်တွေလည်း ကတိသစ္စာပြုကြပါတယ်။ နေ့လည်ပိုင်းမှာ နိုင်ငံတော်သမ္မတတာဝန်လွှဲပြောင်းပေးအပ် အခမ်းအနားကို သမ္မတအိမ်တော်က သံတမန်ခမ်းမဆောင်မှာ ကျင်းပခဲ့ပါတယ်။ RFA သတင်းထောက် မဝေယံမိုးမြင့်က တင်ပြထားပါတယ်။