ဆန္ဒပြနည်းအသစ်အဆန်းတွေနဲ့ စစ်အစိုးရ ဆန့်ကျင်ကြောင်း ဆယ်ကျော်သက်လူငယ်တွေ ဆန္ဒပြနေ

2021.02.10

စစ်အာဏာသိမ်းလုပ်ရပ်ကို ဆန့်ကျင်ကြောင်း ရန်ကုန်မြို့ ဆူးလေဘုရားလမ်းမှာ သရုပ်ဖော်အကတွေနဲ့ ဆန္ဒပြနေကြတဲ့ မျိုးဆက်သစ် ဆယ်ကျော်သက် လူငယ်တချို့ကို မြင်တွေ့ရတာ ဖြစ်ပါတယ်။

ကိုးရီးယားနဲ့ အနောက်တိုင်း တေးသီချင်းတွေဖွင့်ပြီး ဆန္ဒပြနေကြတဲ့ ဒီလူငယ်အများစုဟာ ၂၀ဝ၀ ပြည့်နှစ် နောက်ပိုင်းမှာ မွေးဖွေးတဲ့ ဆယ်ကျော်သက်လူငယ်တွေပါ။

စစ်အာဏာသိမ်းတဲ့ လုပ်ရပ်ကို သူတို့ရဲ့မျိုးဆက်မှာ မရှိစေချင်တော့တာကြောင့် ဒီလိုဆန္ဒပြနည်း အသစ်အဆန်းတွေထွင်ပြီး မြန်မာနိုင်ငံရဲ့ အခြေအနေကို ကမ္ဘာကသိအောင် မီးမောင်းထိုးပြကြတာလို့ ဆန္ဒပြ ဆယ်ကျော်သက်လူငယ်တွေက ပြောကြပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။