NLDကိုယ်စားလှယ်လောင်း နော်လှလှစိုးမဲဆွယ်ပွဲ
2015.09.17
NLD ပါတီ အမျိုးသားလွှတ်တော် ကိုယ်စားလှယ်လောင်း ဒေါ်နော်လှလှစိုးဟာ စစ်တပ်မိသားစုအများအပြားနေထိုင်တဲ့ မင်္ဂလာဒုံမြို့နယ်မှာ မဲဆွယ်စည်းရုံးရေးဆင်းနေရပေမယ့် ဒေသခံတွေက လိုလိုလားလားကြိုဆိုကြတယ်လို့ သိရပါတယ်။ အင်းစိန်မြို့နယ်နဲ့ မင်္ဂလာဒုံမြို့နယ်တွေမှာ မဲဆွယ်လှုပ်ရှားနေတဲ့ ဒေါ်နော်လှလှစိုးကို RFA သတင်းထောက် ကိုသီဟထွန်းက တွေ့ဆုံမေးမြန်းထားပါတယ်။