ပုဗ္ဗသီရိ မဲ ပြန်လည်ရေတွက်ရေး NLD ကန့်ကွက်
2015.11.10
နေပြည်တော် ပုဗ္ဗသီရိမြို့နယ်မှာ မဲတွေကို ပြန်လည် ရေတွက်ပေးဖို့ ကြံ့ခိုင်ဖွံ့ဖြိုးရေးပါတီက တောင်းဆိုရာမှာ NLD ပါတီက ကန့်ကွက်လိုက်ပါတယ်။ နောက်ဆုံး ရရှိတဲ့သတင်းအရ မဲတွေကို ပြန်မရေဘဲ၊ လက်ရှိရလဒ်အတိုင်း ကြေညာသွားမယ်လို့ သိရပါတယ်။ လက်ရှိမဲရလဒ်တွေအရ NLD ကိုယ်စားလှယ်လောင်း ဦးရည်မွန်- ခေါ်- ကဗျာဆရာ မောင်တင်သစ်က ကြံ့ခိုင်ဖွံ့ဖြိုးရေးပါတီ ကိုယ်စားလှယ်လောင်း ဒု-ဗိုလ်ချုပ်ကြီးဟောင်း ဦးဝေလွင်ကို ၁၇၆ မဲအသာနဲ့ အနိုင်ရရှိထားတယ်လို့ သိရပါတယ်။ ဦးရည်မွန်ကို RFA သတင်းထောက် ကိုမျိုးသန့်ခိုင်က တွေ့ဆုံ မေးမြန်းထားပါတယ်။