NLD နာယက သူရဦးတင်ဦးနှင့် တွေ့ဆုံခြင်း
2015.11.10
အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် နာယက နဲ့ ရွေးကောက်ပွဲအောင်နိုင်ရေးကော်မတီ ဥက္ကဌ ဦးတင်ဦးက လက်ရှိရရှိပြီးသား ရွေးကောက်ပွဲရလာဒ်တွေအရ မိမိတို့ ပါတီအနေနဲ့ ပျမ်းမျှအားဖြင့် ၈ဝ% အနိုင်ရတယ်လို့ ခန့်မှန်းထားကြောင်း ဒီကနေ့ပြောကြားလိုက်ပါတယ်။ ဦးတင်ဦးကို ရွှေဂုံတိုင်ဌာနချုပ်မှာ RFA အဖွဲ့သား ဦးခင်မောင်စိုး က တွေ့ဆုံမေးမြန်းထားပါတယ်။