ရွှေဆက်တူးခွင့်ပေးဖို့ အမျိုးသားကြီးပွားတိုးတက်ရေးကုမ္ပဏီ တောင်းဆို
2018.12.03
မိုးထိမိုးမိ ရွှေတူးဖော်ရေးလုပ်ငန်း လုပ်ကိုင်ခဲ့တဲ့ အမျိုးသား ကြီးပွားတိုးတက်ရေး ကုမ္ပဏီအနေနဲ့ ဝန်ကြီးဌာနက တောင်းဆိုထားတဲ့ ရွှေပိဿာချိန် ၁၂၀၀ ကျော် ရှိတယ်ဆိုတာဟာ မဟုတ်ဘဲ ကျန်ရှိနေတဲ့ ရွှေပိဿာချိန်ပေးဖို့ လုပ်ငန်းဆက်လက်လုပ်ကိုင်ခွင့်ပေးမှသာ ပေးသွင်းနိုင်မယ်လို့ ကုမ္ပဏီရဲ့တာဝန်ရှိတွေက ပြောကြားလိုက်ပါတယ်။ RFA သတင်းထောက် ကိုအောင်သိင်္ခက တင်ပြထားပါတယ်။