မိဘမဲ့ဂေဟာနဲ့ သင်တန်းကျောင်း စံချိန်စံညွှန်းများ
2017.09.27
လူမှုဝန်ထမ်းဦးစီးဌာနက မိဘမဲ့ဂေဟာတွေနဲ့ သင်တန်းကျောင်းတွေမှာ အနိမ့်ဆုံးရှိရမယ့် ပြုစုစောင့်ရှောက်ခြင်းနဲ့ အကာအကွယ်ပေးခြင်းဆိုင်ရာ စံချိန်စံညွှန်းတွေကို အသစ်ပြင်ဆင်ရေးဆွဲပြီး ထုတ်ပြန်လိုက်ပါတယ်။ အဲဒီပွဲကို တိုင်းနဲ့ ပြည်နယ်အသီးသီးက မိဘမဲ့ဂေဟာတွေ၊ သင်တန်းကျောင်းတွေနဲ့ ပညာရေးစင်တာတွေက တာဝန်ရှိသူတွေ တက်ရောက်ခဲ့ပါတယ်။
RFA သတင်းထောက် ကိုဝင်းကိုကိုလတ် က တင်ပြထားပါတယ်။