လွှတ်တော်ကိုယ်စားလှယ် ရုပ်သိမ်းခြင်းဥပဒေကြမ်း
2015.08.19
“လွှတ်တော်ကိုယ်စားလှယ် တာဝန်ရုပ်သိမ်းခြင်းဆိုင်ရာ ဥပဒေကြမ်းကို အလျင်အမြန် မဆွေးနွေးသင့်ကြောင်း” လွှတ်တော်တွင်းမှာရှိတဲ့ နိုင်ငံရေးပါတီ ၁၉ ပါတီထဲက ၁၃ ပါတီက ကိုယ်စားလှယ်တွေက ပြည်ထောင်စုလွှတ်တော် ဥပဒေကြမ်းပူးပေါင်းကော်မတီကို တင်ပြခဲ့ကြတယ်လို့ သိရပါတယ်။ ကျန်တဲ့ နိုင်ငံရေးပါတီ ၆ ခုက ကိုယ်စားလှယ်တွေကတော့ ဒီဥပဒေကြမ်းကို အမြန်ဆုံး ပြဋ္ဌာန်းသင့်ကြောင်း ဆွေးနွေးခဲ့ကြတယ်လို့ လွှတ်တော် ဥပဒေကြမ်းပူးပေါင်းကော်မတီက သြဂုတ်လ ၁၉ ရက်နေ့က အစီရင်ခံ စာတင်သွင်းရာမှာ ပြောခဲ့ပါတယ်။ RFA သတင်းထောက် ကိုကျော်သူက တင်ပြထားပါတယ်။