ဝန်ကြီး ဦးအုန်းမြင့်ကိစ္စ လွှတ်တော်မှာ အဆိုတင်
2014.02.04
မကွေးမြို့နယ် သစ်ရာကောက်ကျေးရွာမှာ ဒေသခံတွေနဲ့ တွေ့ဆုံစဉ် ပြည်ထောင်စုဝန်ကြီး ဦးအုန်းမြင့်ရဲ့ ပြောကြားချက်တွေနဲ့ ပတ်သက်ပြီး ပြည်ထောင်စုအစိုးရအနေနဲ့ တာဝန်ယူဖြေရှင်းပေးဖို့အတွက် ဒီနေ့ ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဦးအောင်စိုးက အရေးကြီးအဆိုအဖြစ် တင်သွင်းခဲ့ပြီး ပြည်ထောင်စုဝန်ကြီး ဦးအောင်ကြည်က ပြန်လည်ရှင်းပြခဲ့ပါတယ်။ RFA သတင်းထောက် ကိုကျော်ထွန်းနိုင်က တင်ပြထားပါတယ်။