ပေါင်မြို့နယ်က မြေပြိုမှုကြောင့် သေဆုံးသူ ၅၃ ဦးရှိပြီ
2019.08.11
မွန်ပြည်နယ် ပေါင်မြို့နယ် သဲဖြူကုန်းကျေးရွာအနီးက မလတ်တောင်ပြိုကျမှုကြောင့် သေဆုံးသူ ၅၃ ဦးရှိသွားပြီဖြစ်ကြောင်း ရှာဖွေကယ်ဆယ်ရေးဆောင်ရွက်နေတဲ့ မြန်မာနိုင်ငံ မီးသတ်ဦးစီးဌာနက သတင်းထုတ်ပြန်ပါတယ်။ RFA သတင်းထောက် ကိုအောင်သိင်္ခ သဲဖြူကုန်းကျေးရွာက ပေးပို့တာကို ကိုကျော်ထွန်းနိုင်က တင်ပြထားပါတယ်။