ပရဲ့ ကယောတိုင်းရင်းသား အမျိုးသားညီလာခံ
2017.03.17
ပရဲ့ ကယော တိုင်းရင်းသားတွေရဲ့ အမျိုးသားကြားဖြတ်ညီလာခံကို ကယားပြည်နယ် ဖရူဆိုမြို့က ထီးတရဲခန်းမဆောင်မှာ မတ်လ ၁၃ ရက်နေ့ကနေ ၁၅ ရက်နေ့အထိ သုံးရက်တာကျင်းပခဲ့ပါတယ်။ မျိုးနွယ်စု တစ်ခုတည်းဖြစ်ပေမဲ့ ပရဲ့နဲ့ကယောဆိုပြီး နာမည်ကွဲပြားနေတာကြောင့် ပရဲ့ ကယော နာမည်တစ်မျိုးတည်းကိုသာ အသုံးပြု သွားဖို့ညီလာခံမှာဆုံးဖြတ်ခဲ့ပါတယ်။