ငြိမ်းချမ်းရေးနဲ့ ရခိုင်အရေး သတင်းစာရှင်းလင်းပွဲ


2019.05.24

 

သီရိလင်္ကာနိုင်ငံက Easter ပွဲတော်နေ့မှာ လူပေါင်း ၂၅ဝ ဝန်းကျင်သေဆုံးမှု ဖြစ်ပွားခဲ့တဲ့ အသေခံဗုံးခွဲတိုက်ခိုက်မှုနဲ့ ဆက်စပ်ပြီး သံသယရှိတဲ့ သီရိလင်္ကာနိုင်ငံသား တစ်ဦးဟာ သူကိုယ်တိုင် ကျောက်တံတားမြို့ရဲစခန်းကို လာရောက်ပြီး အဲဒီအကြမ်းဖက်တိုက်ခိုက်မှုနဲ့ ပတ်သက်တာမရှိကြောင်း လာရောက်ရှင်းလင်းခဲ့တာဖြစ်တယ်လို့ သမ္မတရုံး ပြောခွင့်ရ ဦးဇော်ဌေးက ပြောပါတယ်။

ငြိမ်းချမ်းရေးဖြစ်စဉ်နဲ့ ရခိုင်ပြည်နယ် အခြေအနေနဲ့ ပတ်သက်ပြီး အစိုးရအဖွဲ့ဝင် ဝန်ကြီးတွေက ကုလသမဂ္ဂ၊ နိုင်ငံတကာအဖွဲ့အစည်းတွေ၊ သံတမန်တွေနဲ့ ဒီနေ့ နေပြည်တော်က အမျိုးသားပြန်လည်သင့်မြတ်ရေးနဲ့ ငြိမ်းချမ်းရေးဗဟိုဌာန NRPC မှာ တွေ့ဆုံပွဲအပြီးမှာ ဦးဇော်ဌေးက သတင်းထောက်တွေရဲ့ မေးမြန်းချက်ကို ဖြေကြားခဲ့တာဖြစ်ပါတယ်။

RFA သတင်းထောက် ကိုသီဟထွန်းနဲ့ ကိုဝင်းကိုကိုလတ်တို့က စုစည်းထားပြီး ကိုသီဟထွန်းက တင်ပြထားပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။