ကိုဖုန်းမော်နဲ့ကိုစိုးနိုင် ကျဆုံးခြင်း ၂၈ နှစ်ပြည့်
2016.03.14
ပြီးခဲ့တဲ့ မတ်လ ၁၃ ရက်နေ့ဟာ "မြန်မာနိုင်ငံလူ့အခွင့်အရေးနေ့" အဖြစ် သတ်မှတ်ထားတဲ့ ရန်ကုန်-စက်မှုတက္ကသိုလ် RIT ကျောင်းသား ကိုဖုန်းမော်နဲ့ ကိုစိုးနိုင်တို့ သေဆုံးခဲ့တဲ့ ၂၈ နှစ်မြောက် နှစ်ပတ်လည်နေ့ ဖြစ်ပါတယ်။ ၁၉၈၈ ခုနှစ်က သူတို့ ၂ ဦးနဲ့အတူ မဆလ အစိုးရကို ဆန္ဒပြခဲ့ကြတဲ့ RIT ကျောင်းသားတွေက သူတို့ သူငယ်ချင်း ၂ ဦးအတွက် ဆွမ်းကပ် အမျှဝေခဲ့ကြပါတယ်။ RFA သတင်းထောက် ကိုကျော်ဇောဝင်းက တင်ပြထားပါတယ်။