နေပြည်တော်လေဆိပ် လက်နက်မှု


2017.10.17

အရင်အစိုးရလက်ထက် ဝန်ကြီးဟောင်း ဦးတင့်ဆန်းရဲ့ သားဖြစ်သူ ဦးဖြိုးကိုကိုတင့်ဆန်း အပါအဝင် ၃ ဦးကို နေပြည်တော် အပြည်ပြည်ဆိုင်ရာလေဆိပ်မှာ သေနတ်တွေ၊ စိတ်ကြွဆေးပြားတွေနဲ့အတူ ၂ဝ၁၇ အောက်တိုဘာလ ၁၅ ရက်နေ့က ဖမ်းဆီးမိခဲ့ပြီးနောက်၊ အောက်တိုဘာလ ၁၆ ရက်နေ့မနက်ပိုင်းမှာ ဦးဖြိုးကိုကိုတင့်ဆန်းပိုင် နေပြည်တော်က Hotel ACE မှာ သေနတ်တွေ ထပ်မံတေ့ွရှိခဲ့ပါတယ်။ သူတို့သုံးဦးကို လက်နက်ဥပဒေ၊ မူးယစ်ဥပဒေတွေနဲ့ အရေးယူသွားမယ်လို့ နေပြည်တော် တိုင်းရဲတပ်ဖွဲ့မှူး ရဲမှူးကြီးဇော်ခင်အောင်က ပြောပါတယ်။

RFA သတင်းထောက် မသီရိမင်းဇင်က တင်ပြထားပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။