ရတနာပုံတက္ကသိုလ် ယာဉ်ရပ်နားစခန်း


2015.05.13

မန္တလေးတိုင်း အမရပူရမြို့နယ်က ရတနာပုံတက္ကသိုလ် မျက်နှာချင်းဆိုင်မှာရှိတဲ့ အိုးဘိုကျေးရွာက မြေနှစ်ဧကနီးပါးကို တက္ကသိုလ်ယာဉ်ရပ်နားစခန်းလုပ်ဖို့အတွက် စည်ပင်သာယာက ရဲအင်အားသုံးပြီး မေလ ၁၂ ရက်နေ့က ခြံစည်းရိုးခတ်ခဲ့ပါတယ်။ ခြံစည်းရိုးခတ်တာကို တားဆီးခဲ့တဲ့ မြေပိုင်ရှင် ၅ ဦးနဲ့ ရဲတွေ ရုန်းရင်းဆန်ခတ်ဖြစ်ပြီး မြေပိုင်ရှင် ၅ ဦးကို ဖမ်းဆီးထိန်းသိမ်းထားပါတယ်။ RFA သတင်းထောက် ကိုနေသွေးက တင်ပြထားပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။