စစ်တွေ အောင်မင်္ဂလာရပ်ကွက် လူဦးရေစာရင်း
2016.05.24
ရခိုင်ပြည်နယ် စစ်တွေမြို့ အောင်မင်္ဂလာရပ်ကွက်မှာ မွတ်စလင်လူဦးရေများလာတယ်ဆိုပြီး မြို့ပြင်ကိုပြောင်းရွှေ့ပေးဖို့ စစ်တွေမြို့ဒေသခံတွေ က ပြည်နယ်အစိုးရထံ တောင်းဆိုခဲ့တာကြောင့် ပြည်နယ်အစိုးရက လူဦးရေစာရင်း ကောက်ယူခဲ့ပါတယ်။ စာရင်းကောက်တဲ့အခါ လူဦးရေဟာ အရင်ရှိတာထက် နည်းနေကြောင်း တွေ့ရှိရတယ်လို့ ပြည်နယ်အစိုးရတာဝန်ရှိသူတွေက ပြောပါတယ်။
RFA သတင်းထောက် မသီရိမင်းဇင်က တင်ပြထားပါတယ်။