မထိရောက်တဲ့ ငြိမ်းချမ်းရေးကြိုးပမ်းမှု
2019.07.26
ငြိမ်းချမ်းရေးဆွေးနွေးမှုတွေကို အရပ်သားအစိုးရနဲ့ တိုင်းရင်းသား အဖွဲ့တွေက ဦးစီးလုပ်ဆောင်မယ်ဆိုရင် ပိုပြီးထိရောက်မှုရှိလိမ့်မယ်လို့ စစ်အစိုးရ လက်ထပ်က မြန်မာနိုင်ငံ အမေရိကန် သံရုံးရဲ့ တာဝန်ခံ သံမှူးအဖြစ် တာဝန်ထမ်းဆောင်ခဲ့တဲ့ အမေရိကန် သံတမန်ဟောင်း Priscilla Clapp က ပြောလိုက်ပါတယ်။ နိုင်ငံရေးထဲ ပါဝင်နေတဲ့ မြန်မာစစ်တပ်ရဲ့ အခန်းကဏ္ဍနဲ့ပတ်သက်ပြီး၊ ဝါရှင်တန် ဒီစီအခြေစိုက် အမေရိကန် ငြိမ်းချမ်းရေးအင်စတီကျု(USIP) မှာ အကြီးတမ်း အကြံပေးအဖြစ် တာဝန်ထမ်းဆောင်နေတဲ့ Mrs Prisclla Clapp ကို RFA ဝိုင်းတော်သား ကိုရဲခေါင်မြင့်မောင်က RFA စတူဒီယိုမှာ တွေ့ဆုံမေးမြန်းထားပါတယ်။