သမ္မတရွေးချယ်ပွဲနဲ့ ပြည်သူတွေရဲ့သဘောထား


2016.03.15

နိုင်ငံတော်သမ္မတ ရွေးချယ်ရေးလုပ်ငန်းစဉ်နဲ့ ပတ်သက်ပြီး အခြေခံလူတန်းစားတွေ ကြားထဲမှာ စိတ်ဝင်စားမှု နည်းနေတာကို တွေ့ရပါတယ်။ RFA က မေးမြန်းကြည့်တဲ့ ဆိုက်ကားဆရာ၊ ကုန်တင်ကုန်ချနဲ့ အလုပ်ကြမ်းလုပ်သူ အများစုကတော့ ဒေါ်အောင်ဆန်းစုကြည်ကိုပဲ သမ္မတဖြစ်စေချင်ပြီး၊ လက်ရှိ ဒုတိယသမ္မတအဖြစ် ရွေးချယ်တင်မြောက်ထားသူတွေကို သိတဲ့သူ နည်းလွန်းတာကို တွေ့ရပါတယ်။ RFA သတင်းထောက် ကိုအောင်သိင်္ခကက စုစည်းတင်ပြထားပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။