ပြင်ဦးလွင်တိုက်ခိုက်မှုနဲ့ ငြိမ်းချမ်းရေးအလားအလာ
2019.08.16
ပြင်ဦးလွင်မြို့က တပ်မတော်နည်းပညာတက္ကသိုလ်၊ နောင်ချိုနဲ့ကျောက်မဲမြို့တွေက စစ်ဆေးရေး ဂိတ်တွေကို ပြီးခဲ့တဲ့ သြဂုတ်လ ၁၅ ရက်နေ့မှာ မြောက်ပိုင်းမဟာမိတ်သုံးဖွဲ့က တိုက်ခိုက်တဲ့အတွက် တပ်မတော်သားနဲ့ ရဲတပ်ဖွဲ့ဝင်တချို့ သေဆုံးခဲ့ပါတယ်။ တပ်မတော်ဘက်က တိုက်ခိုက်မှုတွေရပ်ပေးဖို့ မဟာမိတ်သုံးဖွဲ့က ကြေညာချက်ထုတ်ပြန်ခဲ့ပြီး ရက်ပိုင်းအတွင်းမှာပဲ အခုလို တိုက်ခိုက်မှုတွေဖြစ်လာတာပါ။
ဒီဖြစ်ရပ်ကြောင့် တပ်မတော်အနေနဲ့ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့တွေအပေါ် တိုက်ခိုက်မှုတွေပိုပြီး တိုးလာမလား၊ ငြိမ်းချမ်းရေးအတွက် အလားအလာတွေ ဘယ်လိုရှိနိုင်မလဲ ဆိုတာနဲ့ ပတ်သက်ပြီး RFA ဝိုင်းတော်သား ကိုရဲစည်သူကာ တင်ပြထားပါတယ်။