ရခိုင်ပြည်နယ်အရေးမှာ နိုင်ငံရေးနည်လမ်းနဲ့အဖြေရှာနိုင်ဖို့ အစွမ်းကုန်ကြိုးပမ်းမည်
2019.05.12
သမ္မတက ဖွဲ့စည်းထားတဲ့ ရခိုင်ပြည်နယ်တည်ငြိမ်အေးချမ်းရေးအထောက်အကူပြုကော်မတီအနေနဲ့ ရခိုင်ပြည်နယ်က စစ်ရေးပဋိပက္ခတွေကို နိုင်ငံရေးနည်လမ်းနဲ့အဖြေရှာနိုင်ရေး အစွမ်းကုန်ကြိုးပမ်းနေသလို သမ္မတကိုလည်း တိုက်ရိုက်အကြံပေးသွားမယ်လို့ အမျိုးသားလွှတ်တော် ဒုတိယဥက္ကဋ္ဌ ဦးအေးသာအောင်က ဒီနေ့ပြောလိုက်ပါတယ်။
RFA သတင်းထောက် မသက်စုအောင်က တင်ပြထားပါတယ်။