RCSS/SSA ရှမ်းအမျိုးသားနေ့


2019.02.07

 

ဒီကနေ့ကျရောက်တဲ့ ၇၂ နှစ်မြောက် ရှမ်းအမျိုးသားနေ့ကို ရှမ်းပြည်နယ်အတွင်းက ဒေသအသီးသီးမှာ ကျင်းပခဲ့သလို၊ ရှမ်းပြည်ပြန်လည်ထူထောင်ရေးကောင်စီ RCSS/SSA ဌာနချုပ်ရှိရာ ထိုင်းမြန်မာနယ်စပ် လွိုင်တိုင်းလျဲန်းဒေသမှာလည်း ကျင်းပခဲ့ပါတယ်။

ဒီအခမ်းအနားမှာ လက်နက်ကိုင်ဆောင်ပြီး စစ်ရေးပြတာ မတွေ့ရသလို ငြိမ်းချမ်းရေးလုပ်ငန်းစဉ်မှာ အတားအဆီးဖြစ်နေတဲ့ အခြေအနေတွေကိုလည်း တိုင်းရင်းသား ကိုယ်စားလှယ်တချို့က ထည့်သွင်းပြောဆိုခဲ့တယ်။

RFA သတင်းထောက် ဦးအောင်မိုးမြင့် သတင်းပေးပို့ထားပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။